1. အာဗြံ၏မယားစာရဲတွင်သားတစ်ယောက်မျှ မထွန်းကားချေ။ စာရဲ၌ဟာဂရအမည်ရှိ သောအီဂျစ်ပြည်သူကျွန်မတစ်ယောက်ရှိ၏။-
2. သို့ဖြစ်၍စာရဲကအာဗြံအား``ထာဝရဘုရား သည် ကျွန်မကိုသားသမီးမထွန်းကားစေပါ။ ကျွန်မ၏ကျွန်မကိုသိမ်းပိုက်ပါလော့။ သူ့အား ဖြင့်ကျွန်မသားရကောင်းရလိမ့်မည်'' ဟုပြော၏။ အာဗြံသည်စာရဲအကြံပေးချက်ကိုလက်ခံ သဖြင့်၊-
3. စာရဲသည်ဟာဂရကိုသူ့လက်သို့အပ်လေ၏။ (အာဗြံသည်ခါနာန်ပြည်တွင်ဆယ်နှစ်နေထိုင် ပြီးနောက် ဟာဂရကိုမယားငယ်အဖြစ် သိမ်းပိုက်ခဲ့လေသည်။-)
4. အာဗြံသည်ဟာဂရနှင့်ဆက်ဆံသဖြင့် ဟာဂရ ၌ပဋိသန္ဓေစွဲလေ၏။ ဟာဂရသည်သူ၌ပဋိ သန္ဓေစွဲကြောင်းသိရလျှင် မာန်မာနဝင်လာ၍ စာရဲကိုမထီလေးစားပြုလေ၏။
5. ထိုအခါစာရဲကအာဗြံအား``ကိုယ်တော်ကြောင့် ဟာဂရသည် ကျွန်မအားမထီလေးစားပြုပါ ပြီ။ ကျွန်မကသူ့ကိုကိုယ်တော်ထံအပ်၍ သူ၌ ပဋိသန္ဓေစွဲကြောင်းသိသည်နှင့် ကျွန်မအား မထီလေးစားပြုလာပါသည်။ ကိုယ်တော်နှင့် ကျွန်မတို့နှစ်ဦးအတွက် တရားသဖြင့်ဖြစ် စေရန်ထာဝရဘုရားစီရင်တော်မူပါစေ'' ဟုဆို၏။
6. အာဗြံက``သူသည်သင်၏ကျွန်မဖြစ်၍သင့် လက်ထဲ၌ရှိသည်။ သူ့အားသင်ပြုလိုရာပြု နိုင်သည်'' ဟုပြန်ပြော၏။ ထိုအခါစာရဲသည် ဟာဂရအားမနေနိုင်လောက်အောင်ညှင်းဆဲ သဖြင့် ဟာဂရထွက်ပြေးလေသည်။
7. ထာဝရဘုရား၏ကောင်းကင်တမန်သည် ရှုရမြို့သို့သွားရာလမ်း၊ တောကန္တာရထဲ ရှိစမ်းရေတွင်းအနီးတွင်ဟာဂရကိုတွေ့ လျှင်၊-
8. ``စာရဲ၏ကျွန်မဟာဂရ၊ သင်ဘယ်အရပ် သို့သွားမည်နည်း'' ဟုမေးလေ၏။ဟာဂရက``ကျွန်မသည်သခင်မထံမှထွက် ပြေးလာပါသည်'' ဟုပြန်ဖြေ၏။