ကမ္ဘာ​ဦး 15:8-12 Common Language Bible (BCL)

8. ထို​အ​ခါ​အာ​ဗြံ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ဤ ပြည်​ကို​အ​ကျွန်ုပ်​ပိုင်​ရ​မည်​ဖြစ်​ကြောင်း မည်​သို့ သိ​နိုင်​ပါ​မည်​နည်း'' ဟု​မေး​လျှောက်​လေ​၏။

9. ကိုယ်​တော်​က``သုံး​နှစ်​သား​အ​ရွယ်​စီ​ရှိ​သော​နွား​မ တစ်​ကောင်၊ ဆိတ်​မ​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင် နှင့်​တ​ကွ ချိုး​တစ်​ကောင်၊ ခို​တစ်​ကောင်​ကို​ငါ့​ထံ သို့​ယူ​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။-

10. အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ထို တိ​ရစ္ဆာန်​များ​ကို​ယူ​ခဲ့​ပြီး​လျှင် ၎င်း​တို့​ကို​ထက် ဝက်​စီ​ခြမ်း​၍​တစ်​ဘက်​တစ်​ခြမ်း​စီ​နှစ်​တန်း​ဆိုင် လျက်​ချ​ထား​၏။ ငှက်​များ​ကို​မူ​ကား​မ​ခြမ်း ဘဲ​ထား​သည်။-

11. လင်း​တ​များ​သည်​သား​ကောင်​များ​ပေါ်​သို့​ဆင်း သက်​လာ​ကြ​သော​အ​ခါ အာ​ဗြံ​သည်​မောင်း​နှင် လေ​၏။

12. နေ​ဝင်​ချိန်​၌​အာ​ဗြံ​သည် အိပ်​မော​ကျ​နေ​စဉ် ကြောက်​ရွံ့​ထိတ်​လန့်​လာ​လေ​သည်။-

ကမ္ဘာ​ဦး 15