6. အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။
7. ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။
8. ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။
9. ကိုယ်တော်က``သုံးနှစ်သားအရွယ်စီရှိသောနွားမ တစ်ကောင်၊ ဆိတ်မတစ်ကောင်၊ သိုးထီးတစ်ကောင် နှင့်တကွ ချိုးတစ်ကောင်၊ ခိုတစ်ကောင်ကိုငါ့ထံ သို့ယူခဲ့လော့'' ဟုမိန့်တော်မူ၏။-