5. အာဗြံကိုအပြင်သို့ခေါ်ဆောင်လျက်``မိုးကောင်း ကင်ကိုမော်ကြည့်၍ကြယ်များကိုရေတွက်လော့။ သင်၏အမျိုးအနွယ်တို့သည်ထိုမျှလောက်များ ပြားကြလိမ့်မည်'' ဟုမိန့်တော်မူသည်။
6. အာဗြံသည်ထာဝရဘုရားကိုယုံကြည်ကိုးစား သည်ဖြစ်၍ ထာဝရဘုရားကသူ့အားနှစ်သက် လက်ခံတော်မူ၏။
7. ထိုနောက်ဘုရားသခင်က``ငါသည်သင့်အား ဤ ပြည်ကိုအပိုင်စားပေးရန်သင့်ကိုဗာဗုလုန် ပြည်၊ ဥရမြို့မှခေါ်ဆောင်ခဲ့သောထာဝရ ဘုရားဖြစ်သည်'' ဟုမိန့်တော်မူ၏။
8. ထိုအခါအာဗြံက``အရှင်ထာဝရဘုရား၊ ဤ ပြည်ကိုအကျွန်ုပ်ပိုင်ရမည်ဖြစ်ကြောင်း မည်သို့ သိနိုင်ပါမည်နည်း'' ဟုမေးလျှောက်လေ၏။
9. ကိုယ်တော်က``သုံးနှစ်သားအရွယ်စီရှိသောနွားမ တစ်ကောင်၊ ဆိတ်မတစ်ကောင်၊ သိုးထီးတစ်ကောင် နှင့်တကွ ချိုးတစ်ကောင်၊ ခိုတစ်ကောင်ကိုငါ့ထံ သို့ယူခဲ့လော့'' ဟုမိန့်တော်မူ၏။-
10. အာဗြံသည်ထာဝရဘုရားထံတော်သို့ထို တိရစ္ဆာန်များကိုယူခဲ့ပြီးလျှင် ၎င်းတို့ကိုထက် ဝက်စီခြမ်း၍တစ်ဘက်တစ်ခြမ်းစီနှစ်တန်းဆိုင် လျက်ချထား၏။ ငှက်များကိုမူကားမခြမ်း ဘဲထားသည်။-
11. လင်းတများသည်သားကောင်များပေါ်သို့ဆင်း သက်လာကြသောအခါ အာဗြံသည်မောင်းနှင် လေ၏။
12. နေဝင်ချိန်၌အာဗြံသည် အိပ်မောကျနေစဉ် ကြောက်ရွံ့ထိတ်လန့်လာလေသည်။-
13. ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
14. သို့သော်လည်းသူတို့အားကျွန်စေစားသော နိုင်ငံသားတို့ကိုငါဒဏ်စီရင်မည်။ ထိုပြည် မှထွက်ခွာရသောအခါသူတို့သည်ပစ္စည်း ဥစ္စာများစွာပါလျက်ထွက်သွားလိမ့်မည်။-
15. သင်သည်သင်၏ဘိုးဘေးတို့ထံငြိမ်ဝပ်စွာသွား ရမည်ဖြစ်၍၊ အသက်အရွယ်ကြီးရင့်သောအခါ သင်္ဂြိုဟ်ခြင်းကိုခံရမည်။-
16. သင်၏အမျိုးအနွယ်တို့သည်အမျိုးလေးဆက် တိုင်အောင်နေပြီးမှ ဤပြည်သို့ပြန်လာကြလိမ့် မည်။ အဘယ်ကြောင့်ဆိုသော်အာမောရိအမျိုး သားတို့သည် ဆိုးသွမ်း၍ဒဏ်သင့်သည့်အခါ ရောက်မှသူတို့အား ဤပြည်မှငါနှင်ထုတ် မည်ဖြစ်သောကြောင့်တည်း'' ဟုမိန့်တော်မူ၏။
17. နေဝင်၍မှောင်ကျလာသောအခါမီးခိုးထွက် သောမီးလင်းဖိုနှင့်မီးလျှံတောက်သောမီးတိုင် သည် ရုတ်တရက်ပေါ်လာပြီးလျှင်အသားခြမ်း များအကြားဖြတ်သွား၏။-