ကမ္ဘာ​ဦး 15:15-21 Common Language Bible (BCL)

15. သင်​သည်​သင်​၏​ဘိုး​ဘေး​တို့​ထံ​ငြိမ်​ဝပ်​စွာ​သွား ရမည်​ဖြစ်​၍၊ အ​သက်​အ​ရွယ်​ကြီး​ရင့်​သော​အ​ခါ သင်္ဂြိုဟ်​ခြင်း​ကို​ခံ​ရ​မည်။-

16. သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​အ​မျိုး​လေး​ဆက် တိုင်​အောင်​နေ​ပြီး​မှ ဤ​ပြည်​သို့​ပြန်​လာ​ကြ​လိမ့် မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​အာ​မော​ရိ​အ​မျိုး သား​တို့​သည် ဆိုး​သွမ်း​၍​ဒဏ်​သင့်​သည့်​အ​ခါ ရောက်​မှ​သူ​တို့​အား ဤ​ပြည်​မှ​ငါ​နှင်​ထုတ် မည်​ဖြစ်​သော​ကြောင့်​တည်း'' ဟု​မိန့်​တော်​မူ​၏။

17. နေ​ဝင်​၍​မှောင်​ကျ​လာ​သော​အ​ခါ​မီး​ခိုး​ထွက် သော​မီး​လင်း​ဖို​နှင့်​မီး​လျှံ​တောက်​သော​မီး​တိုင် သည် ရုတ်​တ​ရက်​ပေါ်​လာ​ပြီး​လျှင်​အ​သား​ခြမ်း များ​အ​ကြား​ဖြတ်​သွား​၏။-

18. ထို​အ​ချိန်​ထို​နေ​ရာ​၌​ထာ​ဝ​ရ​ဘု​ရား​သည် အာ​ဗြံ​နှင့်​ပ​ဋိ​ညာဉ်​ပြု​တော်​မူ​၏။ ထာ​ဝ​ရ ဘု​ရား​က၊-

19. ``ကေ​နိ​အ​မျိုး​သား၊ ကေ​န​ဇိ​အ​မျိုး​သား၊ ကာ​ဒ​မော​နိ​အ​မျိုး​သား၊-

20. ဟိတ္တိ​အ​မျိုး​သား၊ ဖေ​ရ​ဇိ​အ​မျိုး​သား၊ ရေ​ဖိမ် အ​မျိုး​သား၊-

21. အာ​မော​ရိ​အ​မျိုး​သား၊ ခါ​န​နိ​အ​မျိုး​သား၊ ဂိ​ရ​ဂါ​ရှိ​အ​မျိုး​သား​နှင့်​ယေ​ဗု​သိ​အ​မျိုး သား​တို့​၏​ပြည်​များ​အ​ပါ​အ​ဝင် အီ​ဂျစ် ပြည်​နယ်​စပ်​မှ ဥ​ဖ​ရတ်​မြစ်​တိုင်​အောင်​ကျယ် ပြန့်​သော​ဒေ​သ​တစ်​ခု​လုံး​ကို သင်​၏​အ​မျိုး အ​နွယ်​တို့​အား​ငါ​ပေး​အပ်​မည်​ဟု​က​တိ ပြု​သည်'' ဟု​မိန့်​တော်​မူ​၏။

ကမ္ဘာ​ဦး 15