ကမ္ဘာ​ဦး 14:9-20 Common Language Bible (BCL)

9. ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဧ​လံ​ဘု​ရင်၊ ဂေါ​အိမ် ဘု​ရင်၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ဧ​လာ​သာ​ဘု​ရင်​တို့​နှင့် စစ်​တိုက်​ကြ​၏။-

10. ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-

11. အောင်​ပွဲ​ရ​ဘု​ရင်​လေး​ပါး​တို့​သည်​သော​ဒုံ​မြို့ နှင့်​ဂေါ​မော​ရ​မြို့​များ​မှ စား​နပ်​ရိက္ခာ​နှင့်​တ​ကွ ရှိ​သ​မျှ​ပစ္စည်း​တို့​ကို​သိမ်း​ယူ​၍​ထွက်​ခွာ​သွား ကြ​သည်။-

12. သော​ဒုံ​မြို့​တွင်​နေ​ထိုင်​သော​အာ​ဗြံ​၏​တူ လော​တ​နှင့်​တ​ကွ သူ​၏​ပစ္စည်း​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ဆီး​ယူ​ဆောင်​သွား​ကြ​လေ​သည်။

13. ထို​မြို့​သား​တစ်​ယောက်​သည် ရန်​သူ​လက်​မှ​လွတ် မြောက်​ထွက်​ပြေး​လာ​၍​ဟေ​ဗြဲ​အ​မျိုး​သား အာ​ဗြံ​အား အ​ထက်​ပါ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း စုံ​ကို​ပြော​ပြ​လေ​၏။ အာ​ဗြံ​သည်​အာ​မော​ရိ အ​မျိုး​သား မံ​ရေ​ပိုင်​သော​သစ်​ပင်​များ​အ​နီး တွင်​နေ​ထိုင်​လျက်​ရှိ​သည်။ မံ​ရေ​နှင့်​သူ​၏​ညီ များ​ဖြစ်​ကြ​သော​ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ တို့​သည်​အာ​ဗြံ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​၏။-

14. သူ​၏​တူ​ဖမ်း​ဆီး​ခြင်း​ခံ​ရ​ကြောင်း​ကို​ကြား သိ​ရ​သော​အ​ခါ အာ​ဗြံ​သည်​သူ​၏​စ​ခန်း​မှ တိုက်​ရည်​ခိုက်​ရည်​ရှိ​သူ​သုံး​ရာ​တစ်​ဆယ့်​ရှစ် ယောက်​တို့​ကို​စု​ရုံး​ပြီး​လျှင် ဘု​ရင်​လေး​ပါး နောက်​သို့​ဒန်​မြို့​တိုင်​အောင်​လိုက်​လေ​၏။-

15. ထို​အ​ရပ်​တွင်​သူ​၏​လူ​များ​ကို​နှစ်​စု​ခွဲ​လျက် ည​အ​ချိန်​၌ ရန်​သူ​အား​တိုက်​ခိုက်​၍​အောင်​မြင် လေ​သည်။ ထို​နောက်​သူ​သည်​ရန်​သူ​ကို ဒ​မာ​သက် မြို့​မြောက်​ဘက်​ဟော​ဘ​မြို့​တိုင်​အောင်​လိုက်​လံ တိုက်​ခိုက်​၍၊-

16. သိမ်း​ယူ​သွား​သော​ပစ္စည်း​အား​လုံး​ကို​ပြန်​လည် ရ​ရှိ​လေ​သည်။ တူ​လော​တ​နှင့်​သူ​၏​ပစ္စည်း​များ ကို​လည်း​ကောင်း၊ အ​မျိုး​သ​မီး​များ​နှင့်​အ​ခြား အ​ဖမ်း​ခံ​ရ​သူ​များ​ကို​လည်း​ကောင်း ပြန်​လည် ခေါ်​ဆောင်​ခဲ့​လေ​သည်။

17. အာ​ဗြံ​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင်​နှင့် အ​ခြား အ​ပေါင်း​ပါ​ဘု​ရင်​တို့​ကို​တိုက်​ခိုက်​အောင်​မြင်​၍ ပြန်​လာ​သော​အ​ခါ သော​ဒုံ​ဘု​ရင်​သည်​ခ​ရီး​ဦး ကြို​ဆို​ရန်​ရှာ​ဝေ​ချိုင့်​ဝှမ်း(ဘု​ရင့်​ချိုင့်​ဝှမ်း​ဟု လည်း​ခေါ်​တွင်​၏) သို့​သွား​ရောက်​လေ​၏။-

18. အ​မြင့်​ဆုံး​သော​ထာ​ဝ​ရ​ဘု​ရား​၏​ယဇ်​ပု​ရော ဟိတ်​ဖြစ်​၍ ရှာ​လင်​ဘု​ရင်​လည်း​ဖြစ်​သော​မေ​လ​ခိ ဇေ​ဒက်​သည် အာ​ဗြံ​ထံ​သို့​မုန့်​နှင့်​စ​ပျစ်​ရည်​ကို ယူ​ခဲ့​ပြီး​လျှင်၊-

19. သူ့​အား​ကောင်း​ချီး​ပေး​လျက်``ကောင်း​ကင်​နှင့်​မြေ ကြီး​ကို​ဖန်​ဆင်း​တော်​မူ​သော​အ​မြင့်​ဆုံး​သော ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကောင်း​ချီး ပေး​တော်​မူ​ပါ​စေ​သော။-

20. သင်​၏​ရန်​သူ​များ​ကို​အောင်​စေ​သည့်​အ​မြင့်​ဆုံး သော​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​စေ​သ​တည်း'' ဟု​မြွက်​ဆို​လေ​၏။ အာ​ဗြံ​က​လည်း​မိ​မိ​သိမ်း​ယူ​ခဲ့​သော​ပစ္စည်း အား​လုံး​မှ​ဆယ်​ပုံ​တစ်​ပုံ​ကို ယဇ်​ပု​ရော​ဟိတ် မင်း​အား​ပေး​လှူ​လိုက်​လေ​၏။

ကမ္ဘာ​ဦး 14