ကမ္ဘာ​ဦး 14:2-13 Common Language Bible (BCL)

2. ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သော​သော​ဒုံ​ဘု​ရင်​ဗေ​ရ၊ ဂေါ​မာ​ဘု​ရင်​ဗိ​ရ​ရှ၊ အာ​ဋ္ဌ​မာ​ဘု​ရင်​ရှိ​နပ်၊ ဇေ​ဘိုင်​ဘု​ရင်​ရှေ​မ​ဘာ​နှင့်​ဗေ​လာ(သို့​မ​ဟုတ် ဇော​ရ) ဘု​ရင်​တို့​အား​စစ်​ချီ​တိုက်​ခိုက်​ကြ လေ​၏။-

3. ဤ​ဘု​ရင်​ငါး​ပါး​တို့​သည်​မ​ဟာ​မိတ်​ဖွဲ့​၍ ယ​ခု​အ​ခါ​ပင်​လယ်​သေ​ဟု​ခေါ်​သော စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စစ်​စ​ခန်း​ချ​လျက်​ရှိ​ကြ​၏။-

4. ထို​ဘု​ရင်​တို့​သည်​ခေ​ဒေါ​ရ​လော​မာ​ဘု​ရင် လက်​အောက်​တွင် တစ်​ဆယ့်​နှစ်​နှစ်​မျှ​အ​အုပ် အ​ချုပ်​ခံ​နေ​ရ​ပြီး တစ်​ဆယ့်​သုံး​နှစ်​ကြာ သော​အ​ခါ ထို​မင်း​အား​ပုန်​ကန်​ကြ​လေ​သည်။-

5. တစ်​ဆယ့်​လေး​နှစ်​သို့​ရောက်​လျှင်​ခေ​ဒေါ​ရ​လော​မာ ဘု​ရင်​သည် မ​ဟာ​မိတ်​တပ်​ဖွဲ့​တို့​နှင့်​အ​တူ​စစ်​ချီ လာ​၍ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့​တွင်​ရေ​ဖိမ်​အ​မျိုး သား​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့​တွင်​ဇူ​ဇိမ် အ​မျိုး​သား​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ် လွင်​ပြင်​တွင်​ဧ​မိမ်​အ​မျိုး​သား​များ​ကို​လည်း ကောင်း၊-

6. ဧ​ဒုံ​စိ​ရ​တောင်​များ​ပေါ်​တွင်​ဟော​ရိ​အ​မျိုး သား​များ​ကို​လည်း​ကောင်း တိုက်​ခိုက်​အောင်​မြင်​၍ တော​ကန္တာ​ရ​အ​စပ်​ရှိ​ဧ​လ​ပါ​ရန်​မြို့​အ​ထိ လိုက်​လံ​တိုက်​ခိုက်​လေ​သည်။-

7. ထို​နောက်​အ​ပြန်​ခ​ရီး​တွင်​ကာ​ဒေ​ရှ​မြို့(ထို​စဉ်​က အင်​မိ​ရှ​ပတ်​ဟု​တွင်​သည်) သို့​ရောက်​ပြီး​လျှင် အာ​မ​လက်​ပြည်​တစ်​ခု​လုံး​နှင့်​ဟာ​ဇ​ဇုန္တာ​မာ မြို့​၌​နေ​ထိုင်​ကြ​သော အာ​မော​ရိ​အ​မျိုး​သား တို့​ကို​တိုက်​ခိုက်​အောင်​မြင်​လေ​သည်။

8. ထို့​နောက်​ဘု​ရင်​ငါး​ပါး​ဖြစ်​ကြ​သည့်​သော​ဒုံ​ဘု​ရင်၊ ဂေါ​မော​ရ​ဘု​ရင်၊ အာ​ဋ္ဌ​မာ​ဘု​ရင်၊ ဇေ​ဘိုင်​ဘု​ရင် နှင့်​ဗေ​လာ​ဘု​ရင်​တို့​၏​စစ်​သည်​များ​သည်​စိဒ္ဒိမ် ချိုင့်​ဝှမ်း​တွင်​စု​ရုံး​၍၊-

9. ဘု​ရင်​လေး​ပါး​ဖြစ်​ကြ​သော​ဧ​လံ​ဘု​ရင်၊ ဂေါ​အိမ် ဘု​ရင်၊ ဗာ​ဗု​လုန်​ဘု​ရင်၊ ဧ​လာ​သာ​ဘု​ရင်​တို့​နှင့် စစ်​တိုက်​ကြ​၏။-

10. ထို​ချိုင့်​ဝှမ်း​တွင်​ကတ္တ​ရာ​တွင်း​များ​ပြည့်​နှက်​လျက် ရှိ​ရာ သော​ဒုံ​ဘု​ရင်​နှင့်​ဂေါ​မော​ရ​ဘု​ရင်​တို့​သည် စစ်​ရေး​မ​လှ​သ​ဖြင့် ထွက်​ပြေး​ကြ​သော​အ​ခါ ထို​တွင်း​များ​ထဲ​သို့​ကျ​ကြ​ကုန်​၏။ ကျန်​သော ဘု​ရင်​သုံး​ပါး​တို့​သည်​တောင်​များ​ပေါ်​သို့​ထွက် ပြေး​ကြ​လေ​သည်။-

11. အောင်​ပွဲ​ရ​ဘု​ရင်​လေး​ပါး​တို့​သည်​သော​ဒုံ​မြို့ နှင့်​ဂေါ​မော​ရ​မြို့​များ​မှ စား​နပ်​ရိက္ခာ​နှင့်​တ​ကွ ရှိ​သ​မျှ​ပစ္စည်း​တို့​ကို​သိမ်း​ယူ​၍​ထွက်​ခွာ​သွား ကြ​သည်။-

12. သော​ဒုံ​မြို့​တွင်​နေ​ထိုင်​သော​အာ​ဗြံ​၏​တူ လော​တ​နှင့်​တ​ကွ သူ​၏​ပစ္စည်း​ရှိ​သ​မျှ​တို့ ကို​ဖမ်း​ဆီး​ယူ​ဆောင်​သွား​ကြ​လေ​သည်။

13. ထို​မြို့​သား​တစ်​ယောက်​သည် ရန်​သူ​လက်​မှ​လွတ် မြောက်​ထွက်​ပြေး​လာ​၍​ဟေ​ဗြဲ​အ​မျိုး​သား အာ​ဗြံ​အား အ​ထက်​ပါ​အ​ဖြစ်​အ​ပျက်​အ​ကြောင်း စုံ​ကို​ပြော​ပြ​လေ​၏။ အာ​ဗြံ​သည်​အာ​မော​ရိ အ​မျိုး​သား မံ​ရေ​ပိုင်​သော​သစ်​ပင်​များ​အ​နီး တွင်​နေ​ထိုင်​လျက်​ရှိ​သည်။ မံ​ရေ​နှင့်​သူ​၏​ညီ များ​ဖြစ်​ကြ​သော​ဧ​ရှ​ကော​လ​နှင့် အာ​နေ​ရ တို့​သည်​အာ​ဗြံ​၏​မ​ဟာ​မိတ်​များ​ဖြစ်​ကြ​၏။-

ကမ္ဘာ​ဦး 14