14. သူ၏တူဖမ်းဆီးခြင်းခံရကြောင်းကိုကြား သိရသောအခါ အာဗြံသည်သူ၏စခန်းမှ တိုက်ရည်ခိုက်ရည်ရှိသူသုံးရာတစ်ဆယ့်ရှစ် ယောက်တို့ကိုစုရုံးပြီးလျှင် ဘုရင်လေးပါး နောက်သို့ဒန်မြို့တိုင်အောင်လိုက်လေ၏။-
15. ထိုအရပ်တွင်သူ၏လူများကိုနှစ်စုခွဲလျက် ညအချိန်၌ ရန်သူအားတိုက်ခိုက်၍အောင်မြင် လေသည်။ ထိုနောက်သူသည်ရန်သူကို ဒမာသက် မြို့မြောက်ဘက်ဟောဘမြို့တိုင်အောင်လိုက်လံ တိုက်ခိုက်၍၊-
16. သိမ်းယူသွားသောပစ္စည်းအားလုံးကိုပြန်လည် ရရှိလေသည်။ တူလောတနှင့်သူ၏ပစ္စည်းများ ကိုလည်းကောင်း၊ အမျိုးသမီးများနှင့်အခြား အဖမ်းခံရသူများကိုလည်းကောင်း ပြန်လည် ခေါ်ဆောင်ခဲ့လေသည်။
17. အာဗြံသည်ခေဒေါရလောမာဘုရင်နှင့် အခြား အပေါင်းပါဘုရင်တို့ကိုတိုက်ခိုက်အောင်မြင်၍ ပြန်လာသောအခါ သောဒုံဘုရင်သည်ခရီးဦး ကြိုဆိုရန်ရှာဝေချိုင့်ဝှမ်း(ဘုရင့်ချိုင့်ဝှမ်းဟု လည်းခေါ်တွင်၏) သို့သွားရောက်လေ၏။-
18. အမြင့်ဆုံးသောထာဝရဘုရား၏ယဇ်ပုရော ဟိတ်ဖြစ်၍ ရှာလင်ဘုရင်လည်းဖြစ်သောမေလခိ ဇေဒက်သည် အာဗြံထံသို့မုန့်နှင့်စပျစ်ရည်ကို ယူခဲ့ပြီးလျှင်၊-
19. သူ့အားကောင်းချီးပေးလျက်``ကောင်းကင်နှင့်မြေ ကြီးကိုဖန်ဆင်းတော်မူသောအမြင့်ဆုံးသော ထာဝရဘုရားသည်အာဗြံအားကောင်းချီး ပေးတော်မူပါစေသော။-