1. ဘုရင်လေးပါးဖြစ်ကြသောဗာဗုလုန်ဘုရင် အံရဖေလ၊ ဧလာသာဘုရင်အာရုတ်၊ ဧလံ ဘုရင်ခေဒေါရလောမာနှင့်ဂေါအိမ်ဘုရင် တိဒလတို့သည်၊-
2. ဘုရင်ငါးပါးဖြစ်ကြသောသောဒုံဘုရင်ဗေရ၊ ဂေါမာဘုရင်ဗိရရှ၊ အာဋ္ဌမာဘုရင်ရှိနပ်၊ ဇေဘိုင်ဘုရင်ရှေမဘာနှင့်ဗေလာ(သို့မဟုတ် ဇောရ) ဘုရင်တို့အားစစ်ချီတိုက်ခိုက်ကြ လေ၏။-
3. ဤဘုရင်ငါးပါးတို့သည်မဟာမိတ်ဖွဲ့၍ ယခုအခါပင်လယ်သေဟုခေါ်သော စိဒ္ဒိမ် ချိုင့်ဝှမ်းတွင်စစ်စခန်းချလျက်ရှိကြ၏။-
4. ထိုဘုရင်တို့သည်ခေဒေါရလောမာဘုရင် လက်အောက်တွင် တစ်ဆယ့်နှစ်နှစ်မျှအအုပ် အချုပ်ခံနေရပြီး တစ်ဆယ့်သုံးနှစ်ကြာ သောအခါ ထိုမင်းအားပုန်ကန်ကြလေသည်။-
22-24. ထိုအခါအာဗြံက``သင်၏ဥစ္စာဟူ၍အပ်ချည် တစ်မျှင်၊ ခြေနင်းကြိုးတစ်စကိုမျှငါမယူလို။ သို့မှသာလျှင်အာဗြံအားကြွယ်ဝချမ်းသာစေ သောသူကား ငါပင်ဖြစ်၏ဟုသင်မဆိုနိုင်။ ငါ့ အတွက်မည်သည့်ပစ္စည်းတစ်စုံတစ်ခုကိုမျှ မယူ။ ငါ၏လူများသုံးစွဲပြီးသမျှတို့ကို သာ ငါယူသည်ဟုထင်မှတ်ပါလော့။ သို့ရာတွင် ငါ၏မဟာမိတ်များဖြစ်ကြသောအာနေရ၊ ဧရှကောလနှင့်မံရေတို့ကိုမူကားသူတို့ ၏ဝေစုကိုခွဲယူကြပါစေ။ ကောင်းကင်နှင့် မြေကြီးကိုဖန်ဆင်းတော်မူသော အမြင့်ဆုံး သောထာဝရအရှင်ဘုရားသခင်ကိုတိုင် တည်၍ ငါမြွက်ဆိုပါသည်'' ဟုဖြေကြား လေ၏။