ကမ္ဘာ​ဦး 13:5-7 Common Language Bible (BCL)

5. အာ​ဗြံ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​လော​တ​သည်​လည်း သိုး၊ ဆိတ်​စ​သည့်​တိ​ရစ္ဆာန်​တို့​အ​ပြင်​ကျေး​ကျွန်​များ​ကို​ပိုင်​၏။-

6. သူ​တို့​နှစ်​ဦး​တွင်​တိ​ရစ္ဆာန်​များ​၍​စား​ကျက်​မ​လုံ​လောက်​သည့်​အ​တွက်​ကြောင့် အ​တူ​တူ​နေ​ထိုင်​ရန်​မ​ဖြစ်​နိုင်​တော့​ချေ။-

7. သို့​ဖြစ်​၍​အာ​ဗြံ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​များ​နှင့် လော​တ​၏​တိ​ရစ္ဆာန်​များ​ကို​ထိန်း​ကျောင်း​သူ​တို့​အ​ချင်း​ချင်း​ခိုက်​ရန်​ဖြစ်​ပွား​ကြ​လေ​သည်။ (ထို​အ​ချိန်​၌​ခါ​နာန်​အ​မျိုး​သား​နှင့်​ဖေ​ရ​ဇိ​အ​မျိုး​သား​တို့​သည်​လည်း ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​သေး​၏။)

ကမ္ဘာ​ဦး 13