ကမ္ဘာ​ဦး 12:1-11 Common Language Bible (BCL)

1. ထာ​ဝ​ရ​ဘု​ရား​က​အာ​ဗြံ​အား``သင်​၏​တိုင်း ပြည်၊ သင်​၏​ဆွေ​မျိုး​သား​ချင်း​နှင့်​သင်​၏​ဖ​ခင် အိမ်​ကို​စွန့်​ခွာ​၍ ငါ​ညွှန်​ပြ​မည့်​ပြည်​သို့​သွား လော့။-

2. ငါ​သည်​သင်​၏​သား​မြေး​တို့​ကို​များ​ပြား​စေ မည်။ သူ​တို့​အား​လူ​မျိုး​ကြီး​ဖြစ်​စေ​မည်။ ငါ သည်​သင့်​ကို​ကောင်း​ချီး​ပေး​၍​သင်​၏​နာ​မ ကို​ကြီး​မြတ်​စေ​သ​ဖြင့် လူ​တို့​သည်​သင့်​အား ဖြင့်​ကောင်း​ချီး​ခံ​စား​ရ​ကြ​မည်။

3. သင့်​ကို​ကောင်း​ချီး​ပေး​သူ​တို့​အား​ငါ​ကောင်း ချီး​ပေး​မည်။သင့်​ကို​ကျိန်​ဆဲ​သူ​တို့​အား​ငါ​ကျိန်​ဆဲ​မည်။ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​သည်​သင့်​အား​ဖြင့် ကောင်း​ချီး​ခံ​စား​ရ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော် မူ​၏။

4. အာ​ဗြံ​သည်​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​သည့်​အ​တိုင်း ခါ​ရန်​မြို့​မှ​ထွက်​ခွာ​သော​အ​ခါ အ​သက်​ခု​နစ် ဆယ့်​ငါး​နှစ်​ရှိ​၏။ လော​တ​သည်​သူ​နှင့်​အ​တူ လိုက်​ပါ​ခဲ့​၏။-

5. အာ​ဗြံ​သည်​မ​ယား​စာ​ရဲ၊ တူ​လောတ၊ ရှိ​သ​မျှ သော​ဥစ္စာ​ပစ္စည်း​နှင့်​တ​ကွ ခါ​ရန်​မြို့​၌​ရ​ရှိ​သော ကျေး​ကျွန်​အား​လုံး​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။ခါ​နာန်​ပြည်​သို့​ရောက်​ကြ​သော​အ​ခါ၊-

6. အာ​ဗြံ​သည်​ထို​ပြည်​ကို​ဖြတ်​သွား​ပြီး​လျှင် ရှိ​ခင် အ​ရပ်​၌​ရှိ​သော​မော​ရေ​သပိတ်​ပင်​သို့​ရောက်​ရှိ လာ​လေ​၏။ (ထို​အ​ချိန်​က​ခါ​နာန်​အ​မျိုး​သား တို့​သည် ထို​ပြည်​တွင်​နေ​ထိုင်​လျက်​ရှိ​ကြ​၏။-)

7. ထာ​ဝ​ရ​ဘု​ရား​သည်​အာ​ဗြံ​အား​ကိုယ်​ထင်​ပြ ၍``ဤ​တိုင်း​ပြည်​ကို​သင်​၏​အ​ဆက်​အ​နွယ်​တို့ အား​ငါ​ပေး​မည်'' ဟု​မိန့်​တော်​မူ​၏။ ထို​အ​ခါ အာ​ဗြံ​သည်​သူ့​အား​ကိုယ်​ထင်​ပြ​သော​ထာ​ဝ​ရ ဘု​ရား​အ​တွက်​ယဇ်​ပလ္လင်​ကို​တည်​လေ​၏။-

8. ထို​အ​ရပ်​မှ​သူ​သည်​ဗေ​သ​လ​မြို့​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​အ​ရပ်​သို့​ပြောင်း​ရွှေ့​၍ စ​ခန်း ချ​လေ​သည်။ ထို​စ​ခန်း​၏​အ​နောက်​ဘက်​တွင် ဗေ​သ​လ​မြို့၊ အ​ရှေ့​ဘက်​တွင်​အာ​ဣ​မြို့​တည်​ရှိ လေ​သည်။ ထို​အ​ရပ်​၌​လည်း​သူ​သည်​ယဇ်​ပလ္လင် ကို​တည်​၍​ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​ကွယ်​လေ သည်။-

9. ထို​မှ​တစ်​ဖန်​သူ​သည်​အ​ဆင့်​ဆင့်​ပြောင်း​ရွှေ့ လာ​ခဲ့​ရာ ခါ​နာန်​ပြည်​၏​တောင်​ပိုင်း​သို့​ရောက် ရှိ​လေ​သည်။

10. ခါ​နာန်​ပြည်​တွင်​အ​စာ​ခေါင်း​ပါး​ခြင်း​ဘေး ဆိုက်​ရောက်​၍ အ​ခြေ​အ​နေ​ဆိုး​ရွား​လာ​သ ဖြင့်​အာ​ဗြံ​သည် အီ​ဂျစ်​ပြည်​၌​ခေတ္တ​နေ​ထိုင် ရန်​တောင်​ဘက်​သို့​ခ​ရီး​ထွက်​ခဲ့​လေ​သည်။-

11. သူ​သည်​အီ​ဂျစ်​ပြည်​ထဲ​သို့​ဝင်​ရန်​နယ်​စပ် ကို​ဖြတ်​ကျော်​ခါ​နီး​တွင် သူ​၏​မ​ယား​စာ​ရဲ အား``သင်​သည်​ရုပ်​ရည်​လှ​သော​အ​မျိုး​သ​မီး ဖြစ်​၏။-

ကမ္ဘာ​ဦး 12