ကမ္ဘာ​ဦး 11:25-32 Common Language Bible (BCL)

25. ထို​နောက်​သူ​သည်​တစ်​ရာ​တစ်​ဆယ့်​ကိုး​နှစ်​ဆက် ၍​အ​သက်​ရှင်​စဉ်​သား​သ​မီး​များ​ရ​သေး​၏။

26. တေ​ရ​သည်​လည်း​အ​သက်​ခု​နစ်​ဆယ်​ရှိ​သော် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​အ​မည်​ရှိ​သား​တို့​ကို​ရ​လေ​၏။

27. တေ​ရ​၏​သား​စဉ်​မြေး​ဆက်​တို့​ကို​ဖော်​ပြ​ပေ​အံ့။ တေ​ရ​သည် အာ​ဗြံ၊ နာ​ခေါ်​နှင့်​ခါ​ရန်​တို့​၏​ဖ​ခင် ဖြစ်​၏။ ခါ​ရန်​သည်​လော​တ​၏​ဖ​ခင်​ဖြစ်​၏။-

28. ခါ​ရန်​သည်​မိ​မိ​၏​ဖခင်​အ​သက်​ရှင်​လျက်​ရှိ​စဉ် ပင်​လျှင် မိ​မိ​၏​နေ​ရပ်​ဖြစ်​သော​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​တွင်​ကွယ်​လွန်​လေ​သည်။-

29. အာ​ဗြံ​သည်​စာ​ရဲ​နှင့်​ထိမ်း​မြား​၍​နာ​ခေါ်​သည် ခါ​ရန်​၏​သ​မီး​မိ​လ​ခါ​နှင့်​ထိမ်း​မြား​၏။-

30. ခါ​ရန်​သည်​မိ​လ​ခါ​နှင့်​ဣ​သ​ခ​တို့​၏​ဖ​ခင် ဖြစ်​သည်။ စာ​ရဲ​တွင်​သား​သ​မီး​မ​ထွန်း​ကား ချေ။

31. တေ​ရ​သည်​သူ​၏​သား​အာ​ဗြံ၊ မြေး​လော​တ တို့​နှင့်​ချွေး​မ​စာ​ရဲ​တို့​ကို​ခေါ်​ဆောင်​၍ ခါ​နာန် ပြည်​သို့​သွား​ရန်​ဗာ​ဗု​လုန်​ပြည်၊ ဥ​ရ​မြို့​မှ ထွက်​ခွာ​ခဲ့​ရာ​ခါ​ရန်​မြို့​သို့​ဆိုက်​ရောက်​လာ​၍ ထို​မြို့​တွင်​အ​ခြေ​ချ​နေ​ထိုင်​၏။-

32. တေ​ရ​သည်​ထို​မြို့​တွင်​နေ​ထိုင်​စဉ် အ​သက် နှစ်​ရာ့​ငါး​နှစ်​ရှိ​သော်​ကွယ်​လွန်​လေ​သည်။

ကမ္ဘာ​ဦး 11