22. စေရောက်သည်အသက်သုံးဆယ်ရှိသောအခါ နာခေါ်အမည်ရှိသားကိုရ၏။-
23. ထိုနောက်သူသည်နှစ်ပေါင်းနှစ်ရာဆက်၍ အသက်ရှင်စဉ်သားသမီးများရသေး၏။
24. နာခေါ်သည်အသက်နှစ်ဆယ့်ကိုးနှစ်ရှိသော အခါ တေရအမည်ရှိသားကိုရ၏။-
25. ထိုနောက်သူသည်တစ်ရာတစ်ဆယ့်ကိုးနှစ်ဆက် ၍အသက်ရှင်စဉ်သားသမီးများရသေး၏။
26. တေရသည်လည်းအသက်ခုနစ်ဆယ်ရှိသော် အာဗြံ၊ နာခေါ်နှင့်ခါရန်အမည်ရှိသားတို့ကိုရလေ၏။
27. တေရ၏သားစဉ်မြေးဆက်တို့ကိုဖော်ပြပေအံ့။ တေရသည် အာဗြံ၊ နာခေါ်နှင့်ခါရန်တို့၏ဖခင် ဖြစ်၏။ ခါရန်သည်လောတ၏ဖခင်ဖြစ်၏။-
28. ခါရန်သည်မိမိ၏ဖခင်အသက်ရှင်လျက်ရှိစဉ် ပင်လျှင် မိမိ၏နေရပ်ဖြစ်သောဗာဗုလုန်ပြည်၊ ဥရမြို့တွင်ကွယ်လွန်လေသည်။-
29. အာဗြံသည်စာရဲနှင့်ထိမ်းမြား၍နာခေါ်သည် ခါရန်၏သမီးမိလခါနှင့်ထိမ်းမြား၏။-
30. ခါရန်သည်မိလခါနှင့်ဣသခတို့၏ဖခင် ဖြစ်သည်။ စာရဲတွင်သားသမီးမထွန်းကား ချေ။
31. တေရသည်သူ၏သားအာဗြံ၊ မြေးလောတ တို့နှင့်ချွေးမစာရဲတို့ကိုခေါ်ဆောင်၍ ခါနာန် ပြည်သို့သွားရန်ဗာဗုလုန်ပြည်၊ ဥရမြို့မှ ထွက်ခွာခဲ့ရာခါရန်မြို့သို့ဆိုက်ရောက်လာ၍ ထိုမြို့တွင်အခြေချနေထိုင်၏။-
32. တေရသည်ထိုမြို့တွင်နေထိုင်စဉ် အသက် နှစ်ရာ့ငါးနှစ်ရှိသော်ကွယ်လွန်လေသည်။