1. အစပထမ၌ကမ္ဘာတစ်ဝန်းလုံးရှိလူတို့ သည် ဘာသာစကားတစ်မျိုးတည်းပြောကြ ၏။-
2. သူတို့သည်အရှေ့မျက်နှာသို့ခရီးပြုကြရာ ဗာဗုလုန်ပြည်ရှိမြေပြန့်တစ်နေရာသို့ရောက် ၍ ထိုနေရာတွင်အခြေချနေထိုင်ကြလေသည်။-
3. ထိုအခါသူတို့က``လာကြ၊ ခိုင်မာသောအုတ် များကိုဖုတ်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ဖြစ် ၍သူတို့သည် ဆောက်လုပ်ရန်အုတ်နှင့်အုတ်များ ကိုထိန်းထားရန်ကတ္တရာကိုရရှိကြ၏။-
4. သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။
5. ထာဝရဘုရားသည် ထိုသူတို့တည်ဆောက် သောမြို့နှင့်ရဲတိုက်ကိုရှုစားတော်မူရန် ကြွဆင်းလာ၍၊-
6. ``ယခုတွင်ဤသူတို့သည်လူမျိုးတစ်မျိုး တည်းဖြစ်၍ ဘာသာစကားတစ်ခုတည်း ကိုပြောဆိုလျက်ရှိကြ၏။-
7. ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။-
8. ထို့ကြောင့်ထာဝရဘုရားသည်သူတို့အား ကမ္ဘာ အရပ်ရပ်သို့ကွဲလွင့်စေသဖြင့် လူတို့သည်မြို့ တည်ခြင်းကိုရပ်ဆိုင်းထားရကြလေသည်။-
9. ထာဝရဘုရားသည်လူသားအပေါင်းတို့ ၏ဘာသာစကားကိုရှုပ်ထွေးစေ၍ သူတို့ ကိုကမ္ဘာအရပ်ရပ်သို့ကွဲလွင့်စေတော်မူခဲ့ ခြင်းကြောင့် ထိုမြို့ကိုဗာဗုလုန်မြို့ဟူ၍ ခေါ်တွင်ကြ၏။
10. ရှေမ၏သားစဉ်မြေးဆက်များတို့ကိုဖော်ပြ ပေအံ့။ ရေလွှမ်းမိုးပြီးနောက်နှစ်နှစ်ကြာ၍ရှေမ သည် အသက်တစ်ရာပြည့်သောအခါအာဖာဇဒ် အမည်ရှိသားကိုရရှိလေ၏။-
11. ထိုနောက်သူသည်နှစ်ပေါင်းငါးရာဆက်၍အသက် ရှင်စဉ်သားသမီးများရသေး၏။