8. ကုရှတွင်နိမ်ရောဒနာမည်ရှိသားတစ်ယောက် ရှိ၏။ ထိုသားသည်ကမ္ဘာပေါ်တွင် ပထမဦးဆုံး နယ်ပယ်များကိုတိုက်ခိုက်အောင်မြင်သောသူ ဖြစ်၏။-
9. သူသည်ထာဝရဘုရားမစတော်မူခြင်းအား ဖြင့် အစွမ်းသတ္တိနှင့်ပြည့်စုံသောမုဆိုးဖြစ်ရ ကားလူတို့က``ထာဝရဘုရားသည်သင့်အား နိမ်ရောဒကဲ့သို့ အစွမ်းသတ္တိနှင့်ပြည့်စုံသော မုဆိုးကြီးဖြစ်ပါစေသော'' ဟုဆိုလေ့ရှိ ကြသည်။-
10. သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
11. သူသည်ထိုပြည်မှအာရှုရိပြည်သို့သွား၍ နိနေဝေမြို့၊ ရဟောဘုတ်၊ ဣရမြို့၊ ကာလမြို့ စသောမြို့ကြီးများကိုလည်းကောင်း၊-
12. နိနေဝေမြို့နှင့်ကာလမြို့ကြီးစပ်ကြားရှိ ရေသင်မြို့ကိုလည်းကောင်းတည်လေ၏။
13. မိလရိမ်မှဆင်းသက်သောသားစဉ်မြေးဆက် တို့မှာ လုဒိလူမျိုး၊ အာနမိမ်လူမျိုး၊ လဟာဗိမ် လူမျိုး၊ နတ္တုဟိမ်လူမျိုး၊-