ကမ္ဘာ​ဦး 10:22-32 Common Language Bible (BCL)

22. ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​လံ၊ အာ​ရှု​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ​နှင့်​အာ​ရံ​တို့​သည်​ကား​သူ​တို့ ၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့​၏ ဖ​ခင်​များ​ဖြစ်​ကြ​၏။-

23. အာ​ရံ​မှ​ပေါက်​ဖွား​ဆင်း​သက်​သော​သား​စဉ်​မြေး ဆက်​တို့​သည်​ကား ဥ​ဇ​လူ​မျိုး၊ ဟု​လ​လူ​မျိုး၊ ဂေ​သာ​လူ​မျိုး​နှင့်​မာ​ရှ​လူ​မျိုး​များ​ဖြစ်​ကြ သည်။-

24. အာ​ဖာ​ဇဒ်​၏​သား​ရှာ​လ​သည်​ဟေ​ဗာ​၏​ဖ​ခင် ဖြစ်​၏။-

25. ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ သား​တစ်​ယောက် ကို​ဖာ​လက်​ဟု​နာ​မည်​မှည့်​၏။ ထို​သား​၏​လက်​ထက် တွင်​ကမ္ဘာ​လော​က​၌​နေ​ထိုင်​ကြ​သော​လူ​တို့​သည် ကွဲ​ပြား​သွား​ခြင်း​ကြောင့်​ထို​နာ​မည်​ကို​ပေး​ခြင်း ဖြစ်​၏။ အ​ခြား​သော​သား​ကို​ယုတ္တန်​ဟု​နာ​မည် မှည့်​ခေါ်​၏။-

26. ယုတ္တန်​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​တို့ သည်​ကား​အာ​လ​မော​ဒဒ်​လူ​မျိုး၊ ရှေ​လပ်​လူ မျိုး၊ ဟာ​ဇာ​မာ​ဝက်​လူ​မျိုး၊ ယေ​ရ​လူ​မျိုး၊-

27. ဟ​ဒေါ​ရံ​လူ​မျိုး၊ ဥ​ဇ​လ​လူ​မျိုး၊ ဒိ​က​လ လူ​မျိုး၊-

28. သြ​ဗ​လ​လူ​မျိုး၊ အ​ဘိ​မေ​လ​လူ​မျိုး၊ ရှေ​ဘ​လူ​မျိုး၊-

29. သြ​ဖိ​ရ​လူ​မျိုး၊ ဟ​ဝိ​လ​လူ​မျိုး​နှင့်​ယော​ဗပ်​လူ​မျိုး များ​ဖြစ်​ကြ​၏။ ထို​လူ​မျိုး​အား​လုံး​တို့​သည်​ယုတ္တန် မှ​ဆင်း​သက်​လာ​ကြ​သည်။-

30. သူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် မေ​ရှ​မြို့​မှ​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​ဒေ​သ​ရှိ​သေ​ဖာ​မြို့​တိုင်​အောင် ကျယ်​ပြန့်​သည်။-

31. ဤ​လူ​မျိုး​တို့​သည်​ကား​လူ​အ​မျိုး​မျိုး​ကွဲ​ပြား လျက် အ​ပြည်​ပြည်​တို့​၌​နေ​ထိုင်​၍ လူ​မျိုး​စု​အ​လိုက် သီး​ခြား​ဘာ​သာ​စ​ကား​များ​ကို​ပြော​ဆို​ကြ သော​ရှေ​မ​၏​အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။

32. ဤ​လူ​မျိုး​အား​လုံး​တို့​သည်​သူ​တို့​၏​အ​ဆက် အ​နွယ်​နှင့် လူ​မျိုး​အ​သီး​သီး​အ​လိုက်​ဖော်​ပြ ထား​သော​နော​ဧ​၏​သား​စဉ်​မြေး​ဆက်​တို့​ဖြစ် သ​တည်း။ ရေ​လွှမ်း​မိုး​ပြီး​နောက်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​ရှိ​သ​မျှ​သော​လူ​မျိုး​တို့​သည် နော​ဧ ၏​သား​များ​မှ​ဆင်း​သက်​လာ​သော​အ​ဆက် အ​နွယ်​များ​ပင်​ဖြစ်​ကြ​၏။

ကမ္ဘာ​ဦး 10