17. ဟိဝိလူမျိုး၊ အာကိလူမျိုး၊ သိနိလူမျိုး၊
18. အာဝဒိလူမျိုး၊ ဇေမရိလူမျိုး၊ ဟာမသိလူမျိုး တို့၏ဖခင်လည်းဖြစ်သည်။ ခါနာန်အမျိုးအနွယ် အသီးသီးတို့သည်၊-
19. ဇိဒုန်မြို့မှတောင်ဘက်ရှိဂါဇမြို့အနီးဂေရာ မြို့သို့လည်းကောင်း၊ အရှေ့ဘက်ရှိသောဒုံမြို့၊ ဂေါ မောရမြို့၊ အာဒမာမြို့နှင့်လာရှမြို့အနီး ဇေဘိုင်မြို့သို့လည်းကောင်းအနှံ့အပြား ရောက်ရှိနေထိုင်ကြ၏။-
20. ဤလူမျိုးတို့သည်ကားအပြည်ပြည်တို့၌နေ ထိုင်၍ လူမျိုးစုအလိုက်သီးခြားဘာသာ စကားများကိုပြောဆိုကြသောဟာမ၏ အဆက်အနွယ်များဖြစ်ကြ၏။
21. ယာဖက်၏အစ်ကိုရှေမသည် ဟေဗြဲလူမျိုး အပေါင်းတို့၏ဖခင်ဖြစ်သည်။-
22. ရှေမ၏သားများဖြစ်ကြသောဧလံ၊ အာရှုရ၊ အာဖာဇဒ်၊ လုဒနှင့်အာရံတို့သည်ကားသူတို့ ၏နာမည်ကိုခံယူကြသောလူမျိုးတို့၏ ဖခင်များဖြစ်ကြ၏။-
23. အာရံမှပေါက်ဖွားဆင်းသက်သောသားစဉ်မြေး ဆက်တို့သည်ကား ဥဇလူမျိုး၊ ဟုလလူမျိုး၊ ဂေသာလူမျိုးနှင့်မာရှလူမျိုးများဖြစ်ကြ သည်။-
24. အာဖာဇဒ်၏သားရှာလသည်ဟေဗာ၏ဖခင် ဖြစ်၏။-
25. ဟေဗာတွင်သားနှစ်ယောက်ရှိ၏။ သားတစ်ယောက် ကိုဖာလက်ဟုနာမည်မှည့်၏။ ထိုသား၏လက်ထက် တွင်ကမ္ဘာလောက၌နေထိုင်ကြသောလူတို့သည် ကွဲပြားသွားခြင်းကြောင့်ထိုနာမည်ကိုပေးခြင်း ဖြစ်၏။ အခြားသောသားကိုယုတ္တန်ဟုနာမည် မှည့်ခေါ်၏။-
26. ယုတ္တန်မှဆင်းသက်သောအဆက်အနွယ်တို့ သည်ကားအာလမောဒဒ်လူမျိုး၊ ရှေလပ်လူ မျိုး၊ ဟာဇာမာဝက်လူမျိုး၊ ယေရလူမျိုး၊-
27. ဟဒေါရံလူမျိုး၊ ဥဇလလူမျိုး၊ ဒိကလ လူမျိုး၊-
28. သြဗလလူမျိုး၊ အဘိမေလလူမျိုး၊ ရှေဘလူမျိုး၊-
29. သြဖိရလူမျိုး၊ ဟဝိလလူမျိုးနှင့်ယောဗပ်လူမျိုး များဖြစ်ကြ၏။ ထိုလူမျိုးအားလုံးတို့သည်ယုတ္တန် မှဆင်းသက်လာကြသည်။-
30. သူတို့နေထိုင်ရာအရပ်သည် မေရှမြို့မှအရှေ့ဘက် တောင်ထူထပ်သောဒေသရှိသေဖာမြို့တိုင်အောင် ကျယ်ပြန့်သည်။-