ကမ္ဘာ​ဦး 10:12-30 Common Language Bible (BCL)

12. နိ​နေ​ဝေ​မြို့​နှင့်​ကာ​လ​မြို့​ကြီး​စပ်​ကြား​ရှိ ရေ​သင်​မြို့​ကို​လည်း​ကောင်း​တည်​လေ​၏။

13. မိ​လ​ရိမ်​မှ​ဆင်း​သက်​သော​သား​စဉ်​မြေး​ဆက် တို့​မှာ လု​ဒိ​လူ​မျိုး၊ အာ​န​မိမ်​လူ​မျိုး၊ လ​ဟာ​ဗိမ် လူ​မျိုး၊ နတ္တု​ဟိမ်​လူ​မျိုး၊-

14. ပါ​သ​ရု​သိမ်​လူ​မျိုး၊ ကာ​သ​လု​ဟိမ်​လူ​မျိုး​နှင့် က​တ္တော​ရိမ်​လူ​မျိုး​များ​ဖြစ်​ကြ​၏။ ကာ​သ လု​ဟိမ်​လူ​မျိုး​မှ​ဖိ​လိတ္တိ​လူ​မျိုး​ဆင်း​သက် လာ​၏။

15. ခါ​နာန်​၏​သား​ဦး​ဇိ​ဒုန်​နှင့်​သား​ဟေ​သ​တို့​သည် သူ​တို့​၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့ ၏​ဖ​ခင်​များ​ဖြစ်​ကြ​သည်။-

16. ခါ​နာန်​သည်​ယေ​ဗု​သိ​လူ​မျိုး၊ အာ​မော​ရိ​လူ​မျိုး၊ ဂိ​ရ​ဂါ​ရှိ​လူ​မျိုး၊-

17. ဟိ​ဝိ​လူ​မျိုး၊ အာ​ကိ​လူ​မျိုး၊ သိ​နိ​လူ​မျိုး၊

18. အာ​ဝ​ဒိ​လူ​မျိုး၊ ဇေ​မ​ရိ​လူ​မျိုး၊ ဟာ​မ​သိ​လူ​မျိုး တို့​၏​ဖ​ခင်​လည်း​ဖြစ်​သည်။ ခါ​နာန်​အ​မျိုး​အ​နွယ် အ​သီး​သီး​တို့​သည်၊-

19. ဇိ​ဒုန်​မြို့​မှ​တောင်​ဘက်​ရှိ​ဂါဇ​မြို့​အ​နီး​ဂေ​ရာ မြို့​သို့​လည်း​ကောင်း၊ အ​ရှေ့​ဘက်​ရှိ​သောဒုံ​မြို့၊ ဂေါ မော​ရ​မြို့၊ အာ​ဒ​မာ​မြို့​နှင့်​လာ​ရှ​မြို့​အ​နီး ဇေ​ဘိုင်​မြို့​သို့​လည်း​ကောင်း​အ​နှံ့​အ​ပြား ရောက်​ရှိ​နေ​ထိုင်​ကြ​၏။-

20. ဤ​လူ​မျိုး​တို့​သည်​ကား​အ​ပြည်​ပြည်​တို့​၌​နေ ထိုင်​၍ လူ​မျိုး​စု​အ​လိုက်​သီး​ခြား​ဘာ​သာ စ​ကား​များ​ကို​ပြော​ဆို​ကြ​သော​ဟာမ​၏ အ​ဆက်​အ​နွယ်​များ​ဖြစ်​ကြ​၏။

21. ယာ​ဖက်​၏​အစ်​ကို​ရှေ​မ​သည် ဟေ​ဗြဲ​လူ​မျိုး အ​ပေါင်း​တို့​၏​ဖ​ခင်​ဖြစ်​သည်။-

22. ရှေ​မ​၏​သား​များ​ဖြစ်​ကြ​သော​ဧ​လံ၊ အာ​ရှု​ရ၊ အာ​ဖာ​ဇဒ်၊ လု​ဒ​နှင့်​အာ​ရံ​တို့​သည်​ကား​သူ​တို့ ၏​နာ​မည်​ကို​ခံ​ယူ​ကြ​သော​လူ​မျိုး​တို့​၏ ဖ​ခင်​များ​ဖြစ်​ကြ​၏။-

23. အာ​ရံ​မှ​ပေါက်​ဖွား​ဆင်း​သက်​သော​သား​စဉ်​မြေး ဆက်​တို့​သည်​ကား ဥ​ဇ​လူ​မျိုး၊ ဟု​လ​လူ​မျိုး၊ ဂေ​သာ​လူ​မျိုး​နှင့်​မာ​ရှ​လူ​မျိုး​များ​ဖြစ်​ကြ သည်။-

24. အာ​ဖာ​ဇဒ်​၏​သား​ရှာ​လ​သည်​ဟေ​ဗာ​၏​ဖ​ခင် ဖြစ်​၏။-

25. ဟေ​ဗာ​တွင်​သား​နှစ်​ယောက်​ရှိ​၏။ သား​တစ်​ယောက် ကို​ဖာ​လက်​ဟု​နာ​မည်​မှည့်​၏။ ထို​သား​၏​လက်​ထက် တွင်​ကမ္ဘာ​လော​က​၌​နေ​ထိုင်​ကြ​သော​လူ​တို့​သည် ကွဲ​ပြား​သွား​ခြင်း​ကြောင့်​ထို​နာ​မည်​ကို​ပေး​ခြင်း ဖြစ်​၏။ အ​ခြား​သော​သား​ကို​ယုတ္တန်​ဟု​နာ​မည် မှည့်​ခေါ်​၏။-

26. ယုတ္တန်​မှ​ဆင်း​သက်​သော​အ​ဆက်​အ​နွယ်​တို့ သည်​ကား​အာ​လ​မော​ဒဒ်​လူ​မျိုး၊ ရှေ​လပ်​လူ မျိုး၊ ဟာ​ဇာ​မာ​ဝက်​လူ​မျိုး၊ ယေ​ရ​လူ​မျိုး၊-

27. ဟ​ဒေါ​ရံ​လူ​မျိုး၊ ဥ​ဇ​လ​လူ​မျိုး၊ ဒိ​က​လ လူ​မျိုး၊-

28. သြ​ဗ​လ​လူ​မျိုး၊ အ​ဘိ​မေ​လ​လူ​မျိုး၊ ရှေ​ဘ​လူ​မျိုး၊-

29. သြ​ဖိ​ရ​လူ​မျိုး၊ ဟ​ဝိ​လ​လူ​မျိုး​နှင့်​ယော​ဗပ်​လူ​မျိုး များ​ဖြစ်​ကြ​၏။ ထို​လူ​မျိုး​အား​လုံး​တို့​သည်​ယုတ္တန် မှ​ဆင်း​သက်​လာ​ကြ​သည်။-

30. သူ​တို့​နေ​ထိုင်​ရာ​အ​ရပ်​သည် မေ​ရှ​မြို့​မှ​အ​ရှေ့​ဘက် တောင်​ထူ​ထပ်​သော​ဒေ​သ​ရှိ​သေ​ဖာ​မြို့​တိုင်​အောင် ကျယ်​ပြန့်​သည်။-

ကမ္ဘာ​ဦး 10