ကမ္ဘာ​ဦး 1:11-21 Common Language Bible (BCL)

11. ထို​နောက်``ကောက်​ပဲ​သီး​နှံ​နှင့်​သစ်​သီး​ပင်​အ​မျိုး မျိုး​ကို​မြေ​ကြီး​မှ​ပေါက်​စေ'' ဟု​အ​မိန့်​ပေး သည့်​အ​တိုင်း​ပေါက်​လာကြ​၏။-

12. သို့​ဖြစ်​၍​မြေ​ကြီး​မှ အ​ပင်​အ​မျိုး​မျိုး​ပေါက် လာ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-

13. ညဦး​မှ​နံ​နက်​အ​ထိ​တ​တိ​ယ​နေ့​ရက်​ဖြစ် လေ​၏။

14. တစ်​ဖန်​ဘု​ရား​သ​ခင်​က``နေ့​နှင့်​ညဥ့်​ကို ခွဲ​ခြား​ရန်​နှင့်​နေ့​ရက်၊ နှစ်၊ ပွဲ​တော်​ရက်

15. ထို​အ​လင်း​ဗိ​မာန်​တို့​သည်​မိုး​ကောင်း​ကင်​မှာ အ​လင်း​ရောင်​ထွန်း​သ​ဖြင့် မြေ​ကြီး​ပေါ်​တွင် အ​လင်း​ရ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း ဖြစ်​ပေါ်​လာ​၏။-

16. သို့​ဖြစ်​၍​နေ့​ကို​ကြီး​စိုး​ရန်​နေ​ဗိ​မာန်​နှင့်​ည ကို​ကြီး​စိုး​ရန် လ​ဗိ​မာန်​နှင့်​ကြယ်​များ​ကို ဖန်​ဆင်း​တော်​မူ​၏။-

17. ဘု​ရား​သ​ခင်​သည်​မြေ​ကြီး​ပေါ်​မှာ​အ​လင်း​ရ စေ​ရန်​နှင့်၊-

18. နေ့​နှင့်​ည​ကို​ကြီး​စိုး​၍​အ​လင်း​နှင့်​အ​မှောင်​ကို ခွဲ​ခြား​စေ​ရန် မိုး​ကောင်း​ကင်​တွင်​အ​လင်း​ဗိ​မာန် များ​ကို​တည်​ရှိ​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင် သည်​ထို​အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက် တော်​မူ​၏။-

19. ည​ဦး​မှ​နံ​နက်​အ​ထိ​စတုတ္ထ​နေ့​ရက်​ဖြစ်​လေ​၏။

20. တစ်​ဖန်​ဘု​ရား​သ​ခင်​က``ရေ​ထဲ​၌​သက်​ရှိ​သတ္တ ဝါ​အ​မျိုး​မျိုး​ဖြစ်​ပွား​စေ၊ လေ​ထဲ​၌​လည်း​ငှက် များ​ပျံ​ဝဲ​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ရေ သတ္တ​ဝါ​နှင့်​ငှက်​သတ္တ​ဝါ​များ​ဖြစ်​ပွား​လာ ကြ​၏။-

21. သို့​ဖြစ်​၍​ဘု​ရား​သ​ခင်​သည်​ပင်​လယ်​ငါး​သတ္တ ဝါ​ကြီး​များ​အ​စ​ရှိ​သော​ရေ​သတ္တ​ဝါ​အ​မျိုး မျိုး၊ ငှက်​အ​မျိုး​မျိုး​တို့​ကို​ဖန်​ဆင်း​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ​ကို​ရှု​မြင် ၍​နှစ်​သက်​တော်​မူ​၏။-

ကမ္ဘာ​ဦး 1