ကမ္ဘာ​ဦး 1:1-13 Common Language Bible (BCL)

1. ဘု​ရား​သ​ခင်​သည်​စ​ကြ​ဝ​ဠာ​ကို​ဖန်​ဆင်း တော်​မူ​သော​အ​ခါ၊-

2. ကမ္ဘာ​မြေ​ကြီး​သည်​အ​သွင်​သဏ္ဌာန်​ဟူ​၍​မ​ရှိ။ လ​ဟာ​သက်​သက်​ဖြစ်​၏။ သ​မုဒ္ဒ​ရာ​ရေ​ပြင် ကြီး​ကို​မှောင်​အ​တိ​ဖုံး​၍​ရေ​ပြင်​ပေါ်​၌ ဘု​ရား​သ​ခင်​၏​တန်​ခိုး​တော် လှုပ်​ရှား​လျက်​ရှိ​၏။-

3. ဘု​ရား​သ​ခင်​က``အ​လင်း​ရောင်​ပေါ်​စေ'' ဟု အ​မိန့်​တော်​ချ​မှတ်​သော​အ​ခါ အ​လင်း​ရောင် ထွက်​ပေါ်​လာ​၏။-

4. ဘု​ရား​သ​ခင်​သည်​အ​လင်း​ရောင်​ကို​ရှု​မြင်​၍ နှစ်​သက်​တော်​မူ​၏။ ထို့​နောက်​အ​လင်း​နှင့် အ​မှောင်​ကို​ပိုင်း​ခြား​လျက်၊-

5. အ​လင်း​ကို ``နေ့'' ဟူ​၍​လည်း​ကောင်း၊ အ​မှောင် ကို ``ညဥ့်'' ဟူ​၍​လည်း​ကောင်း​ခေါ်​တွင်​စေ​တော် မူ​၏။ ည​ဦး​မှ​နံ​နက်​အ​ထိ​ပ​ထ​မ​နေ့​ရက် ဖြစ်​လေ​၏။

8. မိုး​မျက်​နှာ​ကြက်​ကို``မိုး​ကောင်း​ကင်'' ဟု​ခေါ် တွင်​စေ​တော်​မူ​၏။ ညဦး​မှ​နံ​နက်​အထိ​ဒု​တိ​ယ နေ့​ရက်​ဖြစ်​လေ​၏။

9. တစ်​ဖန်​ဘု​ရား​သ​ခင်​က``မိုး​ကောင်း​ကင်​အောက် တွင်​ကုန်း​ပေါ်​လာ​ရန် တစ်​နေ​ရာ​တည်း​၌​ရေ​စု ဝေး​စေ'' ဟု​အ​မိန့်​ပေး​သည့်​အ​တိုင်း​ကုန်း​ပေါ် လာ​၏။-

10. ကုန်း​ကို``မြေ​ကြီး'' ဟူ​၍​လည်း​ကောင်း၊ စု​ဝေး လျက်​ရှိ​သော​ရေ​ကို``ပင်​လယ်'' ဟူ​၍​လည်း​ကောင်း ခေါ်​တွင်​စေ​တော်​မူ​၏။ ဘု​ရား​သ​ခင်​သည် ထို အ​မှု​အ​ရာ​ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-

11. ထို​နောက်``ကောက်​ပဲ​သီး​နှံ​နှင့်​သစ်​သီး​ပင်​အ​မျိုး မျိုး​ကို​မြေ​ကြီး​မှ​ပေါက်​စေ'' ဟု​အ​မိန့်​ပေး သည့်​အ​တိုင်း​ပေါက်​လာကြ​၏။-

12. သို့​ဖြစ်​၍​မြေ​ကြီး​မှ အ​ပင်​အ​မျိုး​မျိုး​ပေါက် လာ​ကြ​၏။ ဘု​ရား​သ​ခင်​သည် ထို​အ​မှု​အ​ရာ ကို​ရှု​မြင်​၍​နှစ်​သက်​တော်​မူ​၏။-

13. ညဦး​မှ​နံ​နက်​အ​ထိ​တ​တိ​ယ​နေ့​ရက်​ဖြစ် လေ​၏။

ကမ္ဘာ​ဦး 1